ဟင်္သာတ ဇွန် ၈
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၌ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ဟင်္သာတခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းအေးဆွေက မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အတိုင်း အဓိကအခွင့်အရေး(၄)ရပ်နဲ့ တာဝန်(၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးကော်မရှင်အဖွဲ့ဝင်အနေဖြင့် အာဆီယံဒေသအတွင်းရှိ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဒေသဆိုင်ရာကလေးသူငယ် အခွင့်အရေး များဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီး ကော်မတီနှင့်ပတ်သက်၍ (အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ၂၀၁၃-၂၀၂၂ NSPAW)ကို လုပ်ငန်း(၁၂)ရပ် သတ်မှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းတို့နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဒိုင်ဒိုဒါးလ်က ဦးစီးဌာနလုပ်ငန်းကြီး(၇)ရပ်မှ (၁)ခုအပါအဝင်ဖြစ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ရည်ရွယ်ချက်များ၊ CRC သမိုင်းကြောင်း၊ နိုင်ငံတော်မှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အခွင့်အရေး(၄)ရပ်များအကြောင်းကို အကျယ်တဝံ့ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက ခရိုင်နှင့်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးအား ပုံမှန်ကျင်းပသွားရန်၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းများကို ဖွင့်လှစ်သွားရန်၊ ကျေးရွာအရောက်ကွင်းဆင်း အသိပညာပေးမှုအစီအစဉ်များတိုးမြှင့်ဆောင်ရွက်သွားရန်နှင့် ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းချမှတ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟင်္သာတ(ခရိုင်ပြန်/ဆက်)