ရန်ကုန် ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများအတွက် ကျန်းမာရေး ကောင်းမွန်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက ရှေးဦး ပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကြက် ခြေနီအသင်းခွဲရုံး၌ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တာဝန်ရှိသူများက တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းမော်၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ ကိုယ်စားလှယ်များ၊အင်းစိန် မြို့နယ်၊ ကြက်ခြေနီ အသင်းမှ ဥက္ကဋ္ဌ ဦးစည်သူဇော်၊တပ်ဖွဲ့မှူး ဦးနီထွန်းနှင့်တပ်ဖွဲ့ဝင်များ တက်ရောက် ခဲ့ပြီး လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ဆွေးနွေးရာ အင်းစိန်မြို့နယ်၊ကြက်ခြေနီအသင်း၊တပ်ဖွဲ့မှူး ဦးနီ ထွန်းက မြို့နယ်အတွင်း၌ ဖြစ်ပွားနေသည့် ယာဉ်မတော်တဆဖြစ်စဉ်များတွင် ထိခိုက်ဒဏ်ရာ ရရှိသော ပြည်သူများအား အချိန်နှင့် တစ်ပြေးညီ လူနာတင်ယာဉ်ဖြင့် သွားရောက်၍ ရှေးဦးပြုစု နည်းဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးနေမှု မှတ်တမ်း များ၊ပြည်သူများ အသင်းရုံသို့ ကျန်းမာရေး ကိစ္စဖြင့် အကူညီတောင်းခံသဖြင့် သွားရောက်၍ ကျန်းမာရေး စောင့်ရှောက် မှုပေးခြင်း မှတ်တမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် သော လုပ်ဆောင်မှု မှတ်တမ်းများအား Power Pointဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ကြက်ခြေနီအသင်း အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးကောင်းမွန်စွာ နေ ထိုင်နိုင်ရေးအတွက် ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ လိုအပ်လျှင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများက SCOOP STRETCHER ရင်ခွဲကဒ်(၁)ခုနှင့် HEAD IMMOBILIZER ဦးခေါင်းထိန်း(၁)ခုတို့အား လှူဒါန်းရာ ကြက် ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများဖြစ်သော ဥက္ကဋ္ဌ ဦးစည်သူဇော်၊တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် တပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)