သတင်းများ

ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောခရီးစဉ်များ ခေါက်ရေတိုးပြေးဆွဲ ပို့ဆောင်
Jun 08,2021
စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ဝင်ထွက်သွားလာရာတွင် အဓိက ဝင်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူ များ၊ လုပ်သားပြည်သူများစွာတို့ကို မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိရာ အဆိုပါ သင်္ဘောဆိပ်ကမ်း၌ ရေယာဉ်ခရီးစဉ်များကို ယမန်နေ့မှစတင်၍ ခေါက်ရေတိုးပြီး ပြည်သူများ သွားလာရေး အဆင်ပြေ ချောမွေ့စေရေးအတွက် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ဘားအံမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Jun 08,2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၏ သာသနာထွန်းကား ပြန့်ပွားစေရေးအတွက် ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် (၁၂)နာရီတွင် ဘားအံတက္ကသိုလ် ဂန္ဓမာဆောင်တွင် ကျင်းပရာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သံဃာနာယက ဆရာတော်ကြီးများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းနှင့်အညီ ကြီးကြပ်ဆောင်ရွက်ကြကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ကိုဗစ်(၁၉)ပိုးလူနာ ၂ ဦးတွေ့ရှိ၍ ဖောင်ကြီးဆေးရုံပို့
Jun 08,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ကွန်ဒိုတစ်ခုရှိ အသေးစားချေးငွေလုပ်ငန်းတွင် လုပ်ကိုင်နေသော ဝန်ထမ်း ၂ ဦးကို ဇွန် ၆ ရက်နေ့တွင် ကိုဗစ်(၁၉)ရောဂါပိုး စစ်ဆေးတွေ့ရှိရသ​ဖြင့် ဖောင်ကြီးဆေးရုံသို့ ပို့ဆောင်လိုက်​ပြီဖြစ်ကြောင်းကို ယမန်နေ့တွင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဆီဆိုင်မြို့နယ်၌ အစိုးရပါဠိပထမပြန်(ကြီး၊ လတ်၊ ငယ်၊ မူ)စာမေးပွဲ ဒုတိယနေ့ဆက်လက်ဖြေဆို
Jun 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက် အတွင်းရှိ ဆီဆိုင်မြို့နယ်လုံးဆိုင်ရာဇဝနာရာမပရိယတ္တိစာသင်ကျောင်းတိုက်၌ ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်(ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲ ဒုတိယနေ့ကို ယနေ့ မွန်းတည့် ၁၂ နာရီက စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူများအား ဒုတိယနေ့မြောက် ရောဂါ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ ၁၄ ဦးရှိ
Jun 08,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူများအား RDT (Test Kit)ဖြင့် ဒုတိယနေ့ စစ်ဆေးမှုကို ဇွန် ၈ ရက်၌ ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၄ ဦးရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အစားထိုးဖွံ့ဖြိုးရေးကျေးရွာအုပ်စုများအတွက် အစေ့ထုတ်ပြောင်းမျိုးများဖြန့်ဝေ
Jun 08,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘန်းပြင် ကျေးရွာအုပ်စု၊ နောင်ကားမီးဘုန်းတော်ကြီးကျောင်း၌ အစားထိုးဖွံ့ဖြိုးရေးကျေးရွာအုပ်စုများ အတွက် အစေ့ထုတ်ပြောင်းမျိုးများကို ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။