မြောက်ဦးမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

မြောက်ဦး  ဇွန်  ၉

 

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ခရိုင် အဆင့် ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းညိှနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် ‌ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

 

အဆိုပါ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းညိှနှိုင်းအစည်းအဝေးတွင် မြောက်ဦးခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က အဖွင့်အမှာစကားပြောကြားရာ၌ မြောက်ဦးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် မီးရရှိရေးနှင့် လာမည့်နွေရာသီကာလများတွင် ကျေးရွာများအတွင်း၌ သောက်သုံးရေပြန်လပ်မှုမရှိ စေရေးအတွက် ကြိုတင်စီမံဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

 

 

ထို့နောက် မြောက်ဦးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ကျေး လက်လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍ ခရိုင်လမ်းဦးစီးဌာနမှလည်းကောင်း၊ ကျေးလက် လျှပ်စစ်မီးရရှိရေးအတွက် ခရိုင်လျှပ်စစ်ဦးစီးဌာနမှ လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ခရိုင်နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်း များ ပုံမှန်ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့်ပတ်သက်၍ ခရိုင်ပညာရေးဌာနမှ လုပ်ငန်းများအကောင် အထည် ဖော်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍တင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။

 

 

ဆက်လက်၍ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဆရာဝန်ကြီးမှ သွေးလွန်တုတ်ကွေး ရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းများဖြစ်သည့် ဖြုန်း၊ သွန်၊ လှဲစစ် စနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်နေမှု၊ ဝမ်းပျက် ဝမ်းလျောရောဂါများဖြစ်ပွား နေမှုများနှင့် မျိုးရိုးဗီဇပြောင်းကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားနေမှုအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက ကျေးလက်ဒေသရှိ သောက်သုံးရေကန်များမှ သန့်ရှင်း သောသောက်သုံးရေရရှိရေးအတွက် ခြံစည်းရိုးကာရံနေမှုအခြေအနေများအား လည်းကောင်း ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိ ရသည်။

 

       

ခင်မောင်ထွန်း