မြန်အောင် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကြောင်း အထောက်အကူဖြစ်စေရန် အခြေခံအပ်ချုပ်စက်သင်တန်းကို ယမန်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရှိရသည်။
အသက်မွေးဝမ်းကြောင်း အထောက်အကူပြုအခြေခံ အပ်ချုပ်စက်သင်တန်းကို ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးနေထက်ရှိန်တက်ရောက် ဖွင့်လှစ်ပေးပြီး သင်တန်းသို့ သင်တန်းသူ (၃၀)ဦး တက်ရောက်၍ (၇-၆-၂၀၂၁)နေ့မှ(၂၆-၆-၂၀၂၁) နေ့အထိ သင်တန်း ဆရာမမှ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။
ဝင်းဗိုလ်