မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုတွင် နောင်ဗိုကန်တူးဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မောက်မယ်   ဇွန်  ၉

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု၊  နောင်ဗိုကန်တူးဖော် ဆောင်ရွက်နေမှုအား ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံများ က ကွင်းဆင်းစစ်ဆေးခဲ့သည်။

 အဆိုပါ နောင်ဗိုကန်အား ရှမ်းပြည်နယ်ရန်ပုံငွေကျပ် (၂၄၆.၂၇၄)သန်းဖြင့် ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ‘‘ထိုက်စင်”  ကုမ္ပဏီမှ တာ၀န်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီဆောင်ရွက်ပြီးစီးနိုင်ရေး သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)