မြစ်သား၌ စိုက်ပျိုးဆိုင်ရာအလေ့အကျင့်ကောင်းများ(GAP)အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲပြုလုပ်

မြစ်သား ဇွန် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ(GAP)အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအေးလွင်က စိုက်ပျိုးရေ းဦးစီးဌာန အနေဖြင့် (GAP)နည်းစနစ်ကို တောင်သူများဝင်ငွေတိုး၍ ဆင်းရဲနွမ်းပါးမှုပပျောက်စေရန်နှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရန်၊ ရည်ရွယ်၍ထုတ်လုပ်သူ တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တောင်သူများကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ဌာနဝန်ထမ်း များမှကျေးရွာများသို့ ကွင်းဆင်း၍ သင်တန်းများပေးခြင်း၊အိမ်တိုင်ရာရောက် ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ ကွင်းသရုပ် ပြပွဲများဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ မြစ်သားမြို့နယ်တွင် စပါးသီးနှံ ၁၀၀.၆၉ ဧက၊ ဆီထွက်သီးနှံ ၁၈၀.၅၇ ဧက၊ စားဖိုဆောင် ၆၃.၀၄ ဧက၊ ဟင်းသီးဟင်းရွက် ၁၃ ဧက၊ ငှက်ပျော ၁၀.၀၇ ဧက၊ သရက် ၄၅၂.၅၀ ဧက၊ သင်္ဘော ၄.၂၉ ဧက၊ စုစုပေါင်း ၈၂၄.၁၆ ဧကကို (GAP)နည်းစနစ်ဖြင့် စိုက်ပျိုးထားရှိကြောင်းသိရှိရသည်။

ဆုမွန်(မြစ်သား)