နတ်မောက် ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စာသင်ကျောင်းသား၊ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာ သင်ကြား နိုင်စေရန်အတွက် နတ်မောက်မြို့ မြို့မကွက်သစ် ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း မြေနေရာ တွင် (၁၄၀'×၃၀') RCC(၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ် လျက်ရှိရာ ယခုအခါ (၂၅%) ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်း တာဝန်ခံကျောင်းအုပ်ထံမှ သိရသည်။
နတ်မောက်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (၁၄၀'×၃၀') RCC(၂)ထပ် ကျောင်း ဆောင်သစ် တည် ဆောက်ခြင်းကို ၂၀၂၀-၂၀၂၁-ဘဏ္ဍာနှစ်ခွင့်ပြုငွေ (၂၀၉.၆၆၄)ကျပ်သန်းဖြင့် တင်ဒါ အောင်မြင်သော Galaxy Power ConstructionCompanyLimited က တာဝန်ယူဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါနတ်မောက်မြို့ မြို့မကွက်သစ်ရပ်ကွက်၊အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းမြေနေရာ တွင် (၁၄၀' ×၃၀') RCC (၂)ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းအားစံချိန်စံညွှန်း အညီ သတ်မှတ် ကာလအတွင်း ပြီးစီးရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရည်အသွေး စစ်ကော်မတီ၊ ပညာ ရေးဦးစီးဌာနနှင့်တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဖြိုးအိအိဇော်