မိုင်းယောင်း ဇွန် ၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင် နှစ်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက ပညာသင်စရိတ်ထောက်ပံ့ပေးခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး အထက်တန်းအဆင့် သုံးဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၂၀,၀၀၀ စီနှင့် မိုးကာအင်္ကျီ တစ်ထည်၊ စာအုပ်၊ ဘောပင်နှင့် ခဲတံတစ်ဒါဇင်စီကို လည်းကောင်း၊ အလယ်တန်းအဆင့် တစ်ဦးအတွက် ထောက်ပံ့ငွေ ၁၅,၀၀၀ ကျပ်၊ မိုးကာ အင်္ကျီတစ်ထည်၊ စာအုပ်၊ ဘောပင်နှင့် ခဲတံတစ်ဒါဇင်ကိုလည်းကောင်း၊ မူလတန်းအဆင့် ရှစ်ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၁၀,၀၀၀ စီနှင့် မိုးကာအင်္ကျီ တစ်ထည်၊ စာအုပ်၊ ဘောပင်နှင့် ခဲတံတစ်ဒါဇင်စီကိုလည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်နှင့် တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ် သည်။
ထို့နောက် ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
နန်းစီဖေါင်း(ပြန်/ဆက်)