ဆောမြို့နယ်၌ ၂၀၂၁ မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ဆက်လက် ထုတ်ချေး

ဆော ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၁-ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ထုတ်ချေးပေး လျက်ရှိရာ ယမန်နေ့က စိုက်ပျိုးထုတ်လုပ်သည့် တောင်သူ များက ချေးငွေများ လာရောက်ထုတ်ယူလျက် ရှိကြောင်း သိရသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူ ဖြစ်စေရေးတို့အတွက် ၂၀၂၁ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို လယ်တစ်ဧက လျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊အခြားသီးနှံတစ်ဧကလျှင် ၁၀၀၀၀၀ နှုန်းဖြင့် ဇွန် ၄ ရက်နေ့က စတင်ထုတ်ချေးပေးလျက်ရှိကာ ယနေ့အထိ တောင်သူ ၉၃ ဦး၏ လယ်ယာမြေ ၂၁၂ ဧကအတွက် ချေးငွေစုစုပေါင်း ၂၇၇၀၀၀၀၀ ထုတ်ချေးပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ၂၀၂၀ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ ပြေကြေအောင်ပေးဆပ်ထားသော တောင်သူများကို ၂၀၂၁ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးသွားမည်ဖြစ်ကြောင်းကို ဆောမြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်ဂျာ ဦးအောင်မြင့်ကျော်ထံမှ သိရသည်။

 

ကိုဇော်ကြီး(ဆော)