မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ဆီဆိုင်     ဇွန်   ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာ အုပ်စု၊ ပချားကလို(အပေါ်)ကျေးရွာတွင် ဇွန် ၃ ရက် နံနက် ၁၁ နာရီခန့်က မီးဖိုဆောင်မီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးသင့်အိမ်ထောင်စု(၃)စုအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ ပုံး(၃)ပုံး၊ ဆန်ရိက္ခာဖိုး(၂၅,၂၀၀)ကျပ်နှင့် ထောက်ပံ့ ငွေကျပ်(၅)သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်နှင့် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)