ကျောက်ကြီးမြို့နယ်၌ စစ်တောင်းမြစ်ကမ်းပါး ကမ်းထိန်းတန်းနှင့် ရေလွှဲကဒစ်တန်း တည်ဆောက်ခြင်း လုပ်ငန်းအား တာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေး

ကျောက်ကြီး ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ထိုးဝါးစိုက်ကျေးရွာနှင့် အထက်စုကျေးရွာတို့၌ စစ်တောင်းမြစ်ကမ်းပါး ကမ်းထိန်းတန်းနှင့် ရေလွှဲကဒစ်တန်း တည်ဆောက်ခြင်းလုပ်ငန်းများကို မြို့နယ် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနတို့မှ ယမန်နေ့ နံနက် ၁၀ နာရီအချိန် တွင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျောက်ကြီးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုက်ပါပြီး ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေကျပ် ၄၀၆၈၁၅၀၀ ဖြင့် ထိုးဝါးစိုက်ကျေးရွာ စစ်တောင်းမြစ်အတွင်း ရေလွှဲကဒစ်တန်း(၅၀)ပေ၊ အရှည် (၁၂)တန်း၊ ကမ်းထိန်းတန်း(၁၀၀)ပေ၊ အရှည်(၅) တန်း ဆောင်ရွက်ပြီးစီးမှု  အခြေအနေ နှင့် ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၂၄၁၈၆၆၀၀ ဖြင့် အထက်စုကျေးရွာ စစ်တောင်းမြစ်အတွင်း ရေလွှဲကဒစ်တန်း  (၅၀)ပေ အရှည် (၇)တန်း၊ ကမ်းထိန်းတန်း (၁၀၀)ပေ အရှည် (၃)တန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

နှစ်စဉ်မိုးရာသီ ရောက်တိုင်း ထိုးဝါးစိုက်ကျေးရွာနှင့် အထက်စုကျေးရွာတို့မှာ မြစ်ရေးကြီးခြင်းကမ်းပါး ပြိုကျ ခြင်းတို့ကြောင့် ပြည်သူများ ပြောင်းရွှေ့ရသည့် ဒုက္ခများမှ ကင်းဝေးစေရန်အတွက် စစ်တောင်းမြစ်ကမ်းပါး  ကမ်းထိမ်းတန်းနှင့် ရေလွှဲကဒစ်တန်း တည်ဆောက်ပေးရခြင်းဖြစ်ကြောင်း  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး မှူးရုံးမှ သိရသည်။

K ခိုင်ပြန်/ဆက်