မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တောင်သူလယ်မြေများ စိုက်ပျိုးရေ ရရှိရေး ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း       ဇွန်   ၁၀

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ တောင်သူလယ်မြေများ စိုက်ပျိုးရေ ရရှိရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မုန်းလိုက်ကျေးရွာအုပ်စု မုန်းလိုက်ကျေးရွာအနီးရှိ မုန်းလိုက်ဆည်၏ ရေလွှဲရေထိန်းတံခါးအခြေအနေအား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမောင်မောင်တုတ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်ကျော်မိုး၊ ကျေးရွာအုပ်စုစီမံ အုပ်ချုပ်ရေးမှူး ဦးနန်အောင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ တောင်သူလယ်မြေများ စိုက်ပျိုးရေ ရရှိရေးအတွက် လယ်မြေများအရောက် မြေပြင်ကွင်းဆင်း၍ မိုးစပါးရာသီတွင် ရေနစ်မြုပ်စိုက်ခင်းများနှင့် မြေ၊ မျိုး၊ ပိုးမွှား အန္တရာယ်များ အကြောင်းကို တောင်သူများနှင့် ပညာပေး ဆွေးနွေးခဲ့သည်။

မိုင်းယောင်းမြို့နယ်အတွင်း ယခုမိုးစပါးစိုက်ရာသီတွင် ဒေသရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်း အထူးကောင်းမွန်သော ဆင်းဧကရီ-၃ မျိုးစပါး ၈၅ ဧကအပါအဝင် စုစုပေါင်း မိုးစပါး ၂၈၂၄၆ ဧကစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း