လက်ပံတန်း ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မေလ ၅ ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် ဗောဓိပင် ကျေးရွာအုပ်စု ကညင်ကောက်ကျေးရွာမှ နေအိမ်(၁) လုံးပြိုလဲ၍ နေအိမ် (၃)လုံး အမိုးလန်ပျက်စီးခဲ့ရာ အဆိုပါ နေအိမ်များမှ ပြည်သူများအတွက် သာယာဝတီခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က မိုးကြိုကာလတွင် ကျေးရွာများအနေဖြင့် သဘာဝဘေးကြိုတင် ကာကွယ် ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆောင်ရွက်ထားရန်လိုကြောင်း၊ သဘာဝဘေးဖြစ်ပေါ်လာပါက အချိန်မီသတင်းပေးပို့ ဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့ပြီး သာယာဝတီခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်ကေခိုင်မြင့် က ထောက်ပံ့ငွေပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ထောက်ပံ့ငွေများ ပေးအပ်ရာ ပျက်စီးနေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁၉၀၀၀၀)၊ ပျက်စီးနေအိမ်ရှိ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ကျပ် (၃၃၆၀၀) စုစုပေါင်း ထောက်ပံ့ငွေကျပ် (၂၂၃၆၀၀)နှင့် ပြိုလဲနေအိမ်တစ်လုံးအတွက် ကယ်ဆယ်ရေး(၁၇)မျိုးပါ ပုံးတစ်ပုံးကို သာယာဝတီခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနခရိုင် ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)