ကျွန်းစုမြို့တွင် မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

ကျွန်းစု ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု (၁)စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို  ယမန်နေ့ နံနက်  ၁၀ နာရီခွဲအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးသင့်၍ လုံးဝပျက်စီးသော အိမ်ခြေတစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀)၊ မီးဘေးသင့်လူဦးရေ (၂) ဦးအတွက် (၇)ရက်စာ ဆန်ဖိုး (၄၂၀၀) ကျပ်၊ စုစုပေါင်း (၁၀၄၂၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ Hygiene Kit.E တစ်ပုံတို့ကို မီးဘေးသင့် အိမ်ထောင်စုအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစု (ပြန်/ဆက်)