ကျိုက်မရောမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကျိုက်မရော ဇွန် ၁၄

 

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တွင်   ပန်းခင်းစီမံ ချက်ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ   ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့   နံနက်   ၁၀နာရီက ပြေမကျေးရွာဓမ္မာရုံ၌ ပြုလုပ်ပေးကြောင်း သိရသည်။

 

 

ယင်းသို့   ကွင်းဆင်းဆောင်ရွက်ရာတွင်   ကျိုက်မရောမြို့နယ်   လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးငွေသောင်းနှင့် ဝန်ထမ်းများ ကကျေးရွာရှိအသက်၁၈ နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊  အသက်၁၈နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားနိုင်၃(က)မှ နိုင်၆(က)သို့ လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး ပျက်စီးသူများအား အသစ်ပြုလုပ်လဲလှယ်ပေးခြင်းများကို ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 

 

အဆိုပါပန်းခင်းစီမံချက်ကွင်းဆင်းဆောင်ရွက်ရာတွင်ငပြေမကျေးရွာရှိ အသက်၁၈နှစ်ပြည်ပြီးသူ   ကျား (၃၉) ဦး၊မ (၄၁)ဦးစုစုပေါင်း(၈၀)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ် ပေးခြင်း၊   ကတ်ပြား ပျောက်/ပျက်စီးသူများအား   အသစ်ပြုလုပ်ခြင်းများကို  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း  မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဆိုင်ရာ  မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။

 

ချိုမြတ်မြတ်ထွေး