ကျိုက်ဒုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

 

ကျိုက်ဒုံ ဇွန် ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမှ မြို့ဦးစီးမှူးဦး ဇွန်ဇွန်မိုးလွင်နှင့်အဖွဲ့များသည် ပန်းခင်းစီမံချက်ဖြင့် ကျိုက်ဒုံမြို့(ရှေ့တန်းရုံး)၌ အမှတ်(၂) စစ်ကွပ်ကဲရေး၊ အမှတ်(၂) နည်းဗျူဟာ၊ ဒေါနအနောက်ခြမ်း၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်(D.K.B.A)မှ တပ်ဖွဲ့ဝင်မိသားစု၊ကျိုက်ဒုံ မြို့အမှတ်(၁၀၂၃)နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင် မိသားစုကျား(၄၉)ဦး၊မ(၅)ဦး စုစုပေါင်း(၅၄)ဦးတို့အား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ပြီး လက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျိုက်ဒုံ(ပြန်/ဆက်)