ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ကျိုက်လတ်မြို့နယ်ရုံး Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

ကျိုက်လတ်   ဇွန်     ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ Book Club အဖွဲ့နှင့် ပူးပေါင်း၍  ယနေ့ မနက် (၁၁) နာရီက စာရေးဆရာကျော်ဝင်း ရေးသားသော ''နှစ်ဆယ့်တစ်ရာစုသားရွှေဥ'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့် က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာကျော်ဝင်း ရေးသားသော ''နှစ်ဆယ့်တစ်ရာစု သားရွှေဉ''  စာအုပ်အား Book Club အဖွဲ့ဝင် ဒေါ်သန်းသန်းအေး က  ကိုယ့်ကိုယ်ကိုယ်ပြန်သ ဆောင်းပါးတွင်ပါသည့် မျက်နှာစာများ ၊ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ပြန်စောင့်ရှောက် ၊ အာဟာရနဲ့ စောင့်ရှောက် ၊ သင်္ခါရနဲ့စောင့်ရှောက် ၊ သီလနဲ့စောင့်ရှောက် ဆိုသည့် အကြောင်းအရာများ ကို  လည်းကောင်း ၊ အဖွဲ့ဝင် ဦးအောင်ဇာနည်ထွန်း က ငါဘယ်သူလဲ ၊ မှန်ထဲကလူနှင့်စကားပြောခြင်း ကိုယ်ရေးဘဏ်စာရင်း ၊ အတွင်းမှအပြင်သို့ ၊  သီလနှင့်အသက် အကြောင်းအရာ တို့ကို  ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများ ကို အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

ရီရီမြင့်