ကြံခင်းမြို့နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန် Mask Campaign ပြုလုပ်

ကြံခင်း  ဇွန်  ၁၄

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်မှကင်းဝေးစေရန် ရည်ရွယ်ပြီး ပြည်သူ့ကျန်းမာရေးဖောင်းဒေးရှင်း၊ မြတ်ဒါနပရဟိတ အဖွဲ့နှင့်မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းပြီး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့မြို့မဈေးနှင့် ့ဗိုလ်ချုပ်လမ်းတစ်လျှောက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ဖြစ်ပွားချိန်တွင် ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှ ကင်းဝေးစေရန်၊ မဖြစ်မနေ အိမ်အပြင်ထွက်ပါက Mask စနစ်တကျတပ်ဆင်သွားလာကြရန် ယခုကဲ့သို့ Mask Campaign ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့်မြတ်ဒါန ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းက ပြောသည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် မြတ်ဒါန ပရဟိတဥက္ကဋ္ဌ ဦးနေလင်းအဖွဲ့နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းပြီး ကြံခင်းမြို့နေ ပြည်သူများအား Mask (၂၂၅၀) ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းနှင့် Mask တပ်ဆင် သွားလာကြရန် အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)