လေးမျက်နှာမြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေပေးရေးလုပ်ငန်းများ လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

လေးမျက်နှာ ဇွန် ၁၅

စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးလက် ကုန်ထုတ်လမ်း (၁)လမ်းနှင့် ကျေးလက်ရေပေးရေး လုပ်ငန်း(၄)ခုအား သက်ဆိုင်ရာ ကျေးရွာကော်မတီများထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့​သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး လေးမျက်နှာမြို့နယ်​ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော ကျေးလက်ကုန်ထုတ်လမ်းနှင့် ကျေးလက် ရေပေးရေး လုပ်ငန်းများကို ထွန်းလသာ ကုမ္မဏီနှင့် Royal K Star ကုမ္မဏီတို့မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် အဆိုပါ လုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သောကြောင့် လွဲပြောင်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကျေးရွာကော်မတီများ အနေဖြင့် သောက်သုံးရေရရှိရေး အဆင်ပြေစေရန် စနစ်တကျ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ကျေးလက် ကုန်ထုတ်လမ်းနှင့် ကျေးလက်ရေပေးရေး လုပ်ငန်းများ လွဲပြောင်းပေးအပ်ရခြင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်၍ ဝါးတောကွင်းကျေးရွာ ကုန်ထုတ်လမ်း လုပ်ငန်းအား ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်မှ လည်ကောင်း၊ ညောင်ဝိုင်းကျေးရွာ ရေပေးရေး လုပ်ငန်းအား လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်ဦးမှ လည်ကောင်း၊ သခင်ဖိုးလှကြီးကျေးရွာ ရေပေးရေးလုပ်ငန်းအား လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် မြို့နယ်လဝက ဦးစီးမှူး ဦးကျော်မင်းဦးမ လည်ကောင်း၊ ဝတ်ကုန်းကျေးရွာ ရေပေးရေးလုပ်ငန်းအား လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေဝဏ္ဏသူမှ လည်ကောင်း၊ ဥယျာဉ်ကုန်းကျေးရွာ ရေပေးရေးလုပ်ငန်းအား လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဆွေသိန်းမှ လည်ကောင်း ကျေးရွာကော်မတီများထံသို့ လုပ်ငန်းများ လွဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့် ဌာနဆိုင်ရာလူကြီးများ၊ ကျေးရွာကော်မတီဝင်များ၊ ထွန်းလသာကုမ္မဏီနှင့် Royal K Star ကုမ္မဏီတို့မှာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကျော်ဟိန်း(ပြန်/ဆက်)