နတ်မောက်မြို့နယ်တွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်စေရန် Mask Campaign ဆောင်ရွက်ပြုလုပ်

နတ်မောက် ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း ( Mask) များ တပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်စေရန် နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်သွားလာ ကြရန်  ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က နတ်မောက်မြို့  မြို့မရဲစခန်းရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။ 

ထို့သို ပြုလုပ်ဆောင်ရွက်ရာတွင် မြို့န​ယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးနေဇော်အောင်၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး  လမ်းသွားလမ်းလာပြည်သူများနှင့် ခရီးသွား လာပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ​ ဖြစ်ပွားနေစဉ ကာလအတွင်း ရောဂါကူးစက်ပျံ့ပွားမှု မဖြစ်စေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင် သွားလာကြရန် ကျန်းမာရေးအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

 

ဖြိုးအိအိဇော် (နတ်မောက်)