ရိခေါ်ဒါရ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၁၆ ဦးရှိပြီး သေဆုံးသူ တစ်ဦးရှိ

ရိခေါ်ဒါရ်        ဇွန်    ၁

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ နှင့်အတူ ကျန်းမာရေးဌာန၊ ရပ်ကွက်လူငယ် Volunteer များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအား RDT Test Kit ဖြင့် နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၁၁၆ ဦးကျော်ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ရိခေါ်ဒါရ်မြို့ရှိ ဟွာလ်ငိုဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (Hualngo Land Development Organization – HLDO)မှ ရိခေါ်ဒါရ်မြို့နှင့် အနီးတဝိုက်ရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေစစ်ဆေးနိုင်ရေးနှင့် ရောဂါထိန်းချုပ်ကုသနိုင်ရေးအတွက် Standard Q SD Biosensor RDT Test Kit (၁၀၀၀)နှင့် ဆေးဝါး၊ ဓာတ်ဆားများနှင့် အားဆေးများကို ထောက်ပံ့လှူဒါန်းပေးခဲ့ရာ အဆိုပါရောဂါစစ်ဆေးရေးလုပ်ငန်းသုံးပစ္စည်းများဖြင့် ကျန်းမာရေးဌာန နှင့် ရပ်ကွက်လူငယ် Volunteer အဖွဲ့များက ဇွန်လ ၇ ရက်နေ့မှ စ၍ မြို့ပေါ်ရပ်ကွက်နှစ်ခုအတွင်း ပြည်သူများ၏ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရောဂါကူးစက်ပျံ့နှံ့မှုစတင်စစဆေးဆောင်ရွက်သည့် ဇွန်လ ၇ ရက်နေ့မှ ၁ ရက်နေ့ အထိ ( ရက်အတွင်း) ရပ်ကွက်နေပြည်သူ ၇၇၅ ဦးတို့အား စစ်ဆေးဆောင်ရွက်လျက်ရှိရာ ၎င်းတို့ အနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၁)ဦးရှိပြီး၊ ရောဂါဖြင့်သေဆုံးသူ တစ်ဦးရှိကြောင်း၊ ရောဂါပိုးတွေ့ရှိသူများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေး ဌာနမှ သိရသည်။ မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီး​ရေးကော်မတီနှင့် အတူ ကျန်းမာရေးဌာန၊ ရပ်ကွက်လူငယ် Volunteer အဖွဲ့များနှင့် စေတနာ့အလှူရှင်   HLDO အဖွဲ့ အစည်းတို့ပူးပေါင်းပြီး ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေစစ်ဆေးခြင်း၊ ရောဂါထိန်းချုပ်ကုသရေး၊ ပြည်သူများကျန်းမာရေးဆိုင်ရာ အသိပေးချက်များ၊ ညွှန်ကြားချက်များ လိုက်နာစေရေး အသိပညာပေးခြင်းလုပ်ငန်းကိုလည်း နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပက်ကာ (ရိရေကန်)