ပဲခူးမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ လူမှုဖူလုံရေးဥပ‌ဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

ပဲခူး ဇွန် ၁၅

အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် ၂၀၂၁ လူမှုဖူလုံရေးဥပဒေအညီ အလုပ်ခွင်ပြင်ပထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချန်က ပဲခူးမြို့တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်ကေသီခိုင်က အဖွင့်အမှာစကားပြောကြားပြီး ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒိုက်ဦးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော ဂရိခေတ္တရာ ကုမ္ပဏီလီမိတက်မှ အာမခံအလုပ်သမား ဦးတင်ထွန်းဝင်း၏ အလုပ်တွင်ထိခိုက်သေဆုံးခြင်းအတွက် နာရေးစရိတ်ငွေကျပ် ၃၆၀၀၀၀/-ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၄၀၀၀၀၀၀/-(ကျပ်သိန်းလေးဆယ်တိတိ)ကို ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်းအား ခွင့်ပြုထုတ်ပေးလိုက်ကြောင်း သိရသည်။ ဌေးဌေးကြည်