ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မိုးရာသီကာတွင် ဖြစ်ပွားတတ်သည့် ရောဂါများ ကာကွယ်နိုင်ရေး အတွက် မြို့မဈေးကြီးနှင့် သားငါးဈေးအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

မောင်တော  ဇွန်  ၁၅ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် အခြားရောဂါများ ကာကွယ် နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က မြို့မဈေးကြီးနှင့် သားငါးဈေးတို့အား ပိုးသတ်ဆေး ဖျန်းခြင်းများအား ဆောင်ရွက်ခဲ့ကြသည်။ 

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်အေးသိန်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မိုးရာသီကာလ ဖြစ်ပွားတတ်သည့်  သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် ရောဂါများ၊ ပိုးမွှားများမှ ကူးစက်နိုင်သည့် ရောဂါများ မဖြစ်ပေါ်စေရန်အတွက် မြို့မဈေးကြီးအတွင်း ဈေးဆိုင် ခန်းများ၊ ဈေးအတွင်း/အပြင် နေရာများ၊ သား၊ ငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များ ရောင်းချသည့် နေရာများအား  ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

သက်လွင်စိုး