တွံတေးမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

တွံတေး ဇွန် ၁၅

၂၀၂၁ ခုနှစ် မိုးရာသီကာလတွင် သဘာဝဘေးဒဏ်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝ ပတ်ဝန်းကျင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများမဖြစ် ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကြည်တန်းကျေးရွာ ကျေးရွာအုပ်စု၊ အနီး တွံတေး-လှိုင်သာယာကားလမ်းမကြီး မိုင်တိုင်အမှတ် ၆ မိုင် ၇ ဖာလုံတွင် မြို့နယ် သစ်တော ဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက အဆိုပါကားလမ်းမကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးစိန်မောင်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင် (၁)ဗိုလ်မှူး ဇာနည်မောင်တို့အား ပျိုးပင်များ ပေးအပ်ပြီး ထို့နောက် တက်ရောက်လာသူများက သစ်ပင်စိုက်ပျိုးကြသည်။

တွံတေးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန်လျှော့ချနိုင်စေရန် နှင့် ဂေဟစနစ် ပြုပြင် ထိန်းသိမ်းဆောင်ရွက်နိုင်ပြီး သဘာဝအန္တရာယ်များမှ ကာကွယ်နိုင်စေရန်အတွက်

ကျွန်း၊ ပျဉ်းကတိုး ပိတောက်၊ မဟောဂနီ (၁၅) ပင်၊ မန်ဂျန်ရှား (၄၀၀ )ပင်၊ ပျဉ်မ (၁၀၀)ပင်  စုစုပေါင်း (၅၁၅) ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇာနည်မောင်၊ ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာပြည်သူများက သစ်ပင်စိုက်ပျိုးခဲ့ ကြောင်း သိရှိရသည်။

တွံတေးမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးကြမည့် အသင်းအဖွဲ့များနှင့် ပြည်သူများအား ပျိုးပင် (၄၀၀၀၀) ပင်ကို (အခမဲ) ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။