ရန်ကင်းမြို့နယ်၌ “အဖြူရောင်ရေခဲလွင်ပြင်နှင့် အညိုရောင်ချောကလက်အိပ်မက်” စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူများ မှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ရန်ကင်း  ဇွန် ၁၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ စာရေးဆရာခိုင်ချစ်အောင်၏ “အဖြူရောင် ရေခဲလွင်ပြင်နှင့် အညိုရောင်ချော ကလက်အိပ်မက်” စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက မူးယစ်နွံထဲသို့ အပြစ်မဲ့သော လူငယ်များ၏ ဘဝများ မနစ်မွန်းစေရန်၊ မူးယစ်ဆေးဝါး၏ သားကောင်များဖြစ်နေသော လူငယ်များကို လမ်းမှန်သို့ ပြန်လည်လျှောက်လှမ်း နိုင်စေရန် လူမူဘဝမြင့်မားရေး၊ အသိဉာဏ်ပညာ ဗဟုသုတကြွယ် ဝစေရေးတို့အတွက် ရည်ရွယ်၍ ယခုစာအုပ်လေးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း​ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာရေးဆရာ ခိုင်ချစ် ​အောင်၏ “အဖြူရောင်ရေခဲလွင်ပြင်နှင့်အညိုရောင်ချောကလက်အိပ်မက်” စာအုပ်ပါ အကြောင်း အရာများ ကို  Book Club  အသင်းဝင်များနှင့်စာပေဝါသနာရှင်များကအသီးသီး ဖတ်ကြား၍ စာဖတ်ဝိုင်း ပြုလုပ် ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းများ ပြုလုပ်ပေးရခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်များ ဗဟုသုတတိုးပွားရရှိပြီး စာပေ၏ အသိ၊ စာပေတန်ဖိုးကို သိနားလည်စေမှာဖြစ်ကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများသည် လူငယ်များအတွက် အသိပညာ ဗဟုသုတများကိုရရှိပြီး ဆောင်ရန်၊ ရှောင်ရန်များကို နာလည်သဘော ပေါက်လာမှာဖြစ်ကြောင်း စာပေချစ်မြတ်နိုးသူ တစ်ဦးထံမှ သိရသည်။ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းအပြင် ပြည်သူ့စာကြည့် တိုက်ရှိ သုတ၊ ရသစာအုပ်၊ စာစောင်မျိုးစုံတို့ကို စာဖတ်သူပရိသတ်များအား အခမဲ့ငှားရမ်းဖတ်ရှုနိုင် ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး