ဗန်းမော်မြို့တွင် ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေး

ဗန်းမော် ဇွန် ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နံနက်ပိုင်းက မအူပင်ကျေးရွာမှ တောင်သူ(၇၁)ဦး၏ မိုးစပါး စိုက်ပျိုးသီးနှံစိုက်ဧက(၃၅၃)အတွက် စုစုပေါင်းချေးငွေကျပ် (၅၂၉၅၀၀၀၀)ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား မိုးစပါးစိုက်ပျိုးရာတွင် အဆင်ပြေချောမွေ့စွာနှင့် ငွေကြေးအခက်အခဲမှ ကင်းဝေးစေရန်အတွက် ၂၀၂၁ ခုနှစ် မိုးရာသီစရိတ် ချေးငွေများကို သတ်မှတ်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။

ဗန်းမော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှ စတင်ကာ ဇွန်လ ၁၅ ရက်နေ့အထိ ကျေးရွာအုပ်စု(၁၃)စု၊ တောင်သူဦးရေ(၆၂၂)ဦး၊ စပါးစိုက်ဧက(၂၇၂၈)အတွက် စိုက်ပျိုးစရိတ် ချေးငွေစုစုပေါင်းငွေ(၄၀၉၂၀၀၀၀၀)ကျပ် ထုတ်ချေးပေးခဲ့ပြီး စပါးသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်း ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးပေးရန် ကျန်ရှိနေသေးသည့် ကျေးရွာများမှ တောင်သူများကိုလည်း သတ်မှတ်ကာလအတွင်း ဆက်လက်ချေး ပေးသွားမည်ဖြစ်ကြောင်း ဗန်းမော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ သိရသည်။

ခရိုင်(ပြန်/ဆက်)