ပြည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေး Mask Campaign ပြုလုပ်

ပြည် ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရွာဘဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗိုလ်ချုပ်လမ်းမပေါ်နှင့် ကိုးသောင်းဈေးတို့၌ ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်သူများအား နေအိမ်ပြင်ပထွက်ခွာ သွားလာသည့် အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာဖို့ မမေ့ကြရန် အသိပညာပေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

Mask Campaign ပြုလုပ်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦး ဦးဆောင်သော မြို့နယ်ထွေ/အုပ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်စည်ပင်နှင့် မြို့နယ်ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီတို့မှ ဝန်ထမ်းများနှင့် ရွာဘဲရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က အဆိုပါနေရာတို့၌ Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေ ကြသူများနှင့် ဈေးသည်/ဈေးဝယ်ပြည်သူများကို စနစ်တကျ Mask တပ်ဆင်ရေး အသိပညာပေး ဆွေးနွေးကာ ပါးစပ်နှင့် နှာခေါင်းစည်း Mask အခုရေ (၁၂၀၀) ခန့် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။ ကိုဆက်