ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

ကြံခင်း  ဇွန်   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အထွေတွေအုပ်ချုပ်ရေးဦးစီးဌာန ၏၂၀၂၁-၂၀၂၂ပညာသင်နှစ် ဝန်ထမ်းသား၊သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို  ယမန်နေ့မွန်းလွဲပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင်  ပြုလုပ်ခဲ့ကြောင်း  သိရသည်။

ပထမဦးစွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ကြံခင်းမြို့နယ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်မှ ဝန်ထမ်းမိသားစုများနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအားရှင်လင်းဆွေးနွေးပါသည်။

ဆက်လက်ပြီး၂၀၂၁-၂၀၂၂ပညာသင်နှစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးရာ တက္ကသိုလ်အဆင့် ကျောင်းသား/သူ (၁၂)ဦး၊ အထက်တန်းဆင့်ကျောင်းသား/သူ (၃)ဦး၊အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၀)ဦးနှင့် မူလတန်းအဆင့်ကျောင်းသား/သူ (၁၄)ဦးတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပညာသင်စရိတ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ရာတွင် တက္ကသိုလ်အဆင့်တစ်ဦးလျှင် ငွေကျပ်(၁၅၀၀၀)နှင့် ဗလာစာအုပ်တစ်ဒါဇင်၊ အထက်တန်းအဆင့်တစ်ဦးလျှင် ငွေကျပ်(၁၂၀၀၀)နှင့် ဗလာစာအုပ် တစ်ဒါဇင်၊ အလယ်တန်းဆင့်တစ်ဦးလျှင် ငွေကျပ်(၈၀၀၀)နှင့် ဗလာစာအုပ် တစ်ဒါဇင်၊ မူလတန်းအဆင့်တစ်ဦးလျှင် ငွေကျပ်(၆၀၀၀)နှင့် ဗလာစာအုပ်တစ်ဒါဇင် ထောက်ပံ့ပေးခဲ့ကြ ကြောင်း  သိရသည်။

ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းသား၊ သမီးများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)