မင်းလှ၌အသက်(၈၅)နှစ်အထက် ဘိုးဘွား(၉၄၈)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

မင်းလှ ဇွန် ၁၅

 

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အထွေထွေအုပ်ရေးချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့က အသက်(၈၅) နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်အကျိုးခံစားခွင့်(၃) လစာထောက်ပံ့ငွေပေးအပ်ခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

 

လူမှုရေးပင်စင်ပေးအပ်ခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးထွဋ်နှင့် သာယာဝတီခရိုင် လူမူဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာပေါင်း (၆၆)အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက်အဘိုးအဘွား(၉၄၈) ဦးအတွက် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လများအတွက်လူမှုရေးပင်စင်အကျိုး ခံစားခွင့် တစ်ဦးလျှင် သုံးသောင်းကျပ်စီဖြင့် စုစုပေါင်းငွေကျပ် (၂၈၄၄၀၀၀၀)အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများထံ လွှဲပြောင်းပေး အပ်ခဲ့သည်။

 

အဆိုပာလူမှုရေးပင်စင်ထောက်ပံ့ငွေများကိုရပ်ကွက်/ ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ စာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ သက်ကြီးဘိုးဘွားများထံ ထောက်ပံ့ငွေများကို အိမ်တိုက်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 

ပေါက်စ မင်းလှ