သတင်းများ

ကြံခင်းမြို့တွင် စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိစစ်ဆေး
Sep 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လိုင်စင်ချထား ပေးသော စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်း က စစ်ဆေးခဲ့ကြောင်း သိရသည်။
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
Sep 12,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ယနေ့နံနက် ၇ နာရီအချိန်က ဖာပွန်မြို့၊ အနောက်ဘက်ကမ်းကျေးရွာရှိ သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ စု​ပေါင်းသန့်ရှင်း​ရေး ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။
ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော တည်းခိုခန်း(၄)ခုအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရန် သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိစစ်ဆေး
Sep 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော တည်းခိုခန်း(၄)ခုအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန်သတ်မှတ် စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းသွယ်များ လူဝင်လူထွက်စစ်ဆေးခြင်းနှင့် အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်
Sep 12,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရ ရပ်ကွက်၊ ပြည်အရှေ့ရပ်ကွက်နှင့် ပြည်အနောက်ရပ်ကွက်တို့၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်တာဝန်ခံများနှင့် ရပ်ကွက်အထောက်အကူပြုအဖွဲ့များ ပူးပေါင်း၍ ယမန်နေ့မွန်းတည့် ၁၂ နာရီက ရပ်ကွက်အလိုက် လမ်းသွယ်များ၌ လူဝင်၊ လူထွက်စစ်ဆေးခြင်း၊ စာရင်းကောက်ယူခြင်းနှင့် အပူချိန်တိုင်းတာခြင်းများဆောင်ရွက်ကြောင်း သိရသည်။
တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာ‌ရေးစစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်
Sep 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့သစ်မြို့၊ တမူး-စေတီကားလမ်းမကြီး၊ ဂေါပုဏ္ဏ‌စေတီစောင်းတန်း‌ရှေ့၌ ကျန်းမာရေး စစ်ဆေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ကာ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းကို ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းပျဉ်းမြို့၌ အသက် ၁ နှစ်မှ ၁၅ နှစ်အတွင်း ကလေးများအား ကာကွယ်ဆေးထိုးနှံ
Sep 12,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အသက် ၁ နှစ်မှ ၁၅ နှစ်အတွင်းရှိ ကလေးများအား ဆုံဆို့နာရောဂါကာကွယ်ဆေးနှင့် အမှီလိုက်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်များ အခမဲ့ဆက်လက်ထောက်ပံ့
Sep 12,2020
Covid-19 Economic Relief Plan မှာ ပါဝင်သည့် Action Plan အရ ငါးမွေးမြူရေးနှင့်၊ ရေလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်လက ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ပေးအပ်ခြင်းကို စတင်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ကျန်ရှိသည့်ငါးမွေးတောင်သူများကို ဆက်လက်ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရသည်။
ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံဝင်းအတွင်း (၅၆)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် (၅၆) နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း များကို ယနေ့နံနက် ၈ နာရီမှ ၁၀ နာရီအထိ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ကျော်ဝင်း၏ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။