လက်ပံတန်းမြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်များ စိုက်ပျိုး

လက်ပံတန်း ဇွန် ၁၅ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၁ မိုးရာသီတွင် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အကောင်အထည်ဖော်ရေးအတွက် စိုက်ပျိုးရန် ပျိုးပင်ပေါင်း(၅၀၀၀၀)ကို မြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိကြောင်း သိရသည်။ လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနရုံး ပျိုးဥယျာဉ်တွင် ကျွန်းပင် (၁၄၇၆၅)၊ မန်ဂျန်ရှား(၂၅၀၀၀)၊ ပျဉ်းကတိုးကုန်း(၆၀၀၇)၊ မဟော်ဂနီ(၂၀၀၇)၊ အခြားသစ်မာပင် (၂၂၂၁)ပင် စုစုပေါင်း ပျိုးပင်ပေါင်း (၅၀၀၀၀)ကို ပျိုးထောင်ထားရှိပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများနှင့် တပ်ရင်းတပ်ဖွဲ့များသို့ ပျိုးပင်များကို အခမဲ့ဖြန်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။ ဝင့်နန္ဒာဌေး