မြစ်သား ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကူမဲမြို့တွင် လျှပ်စစ်ဗို့အား ပြည့်ဝစွာ ပေးနိုင်ရေး System Improvement လုပ်ငန်းများကို ကူမဲမြို့ လမ်းမတော် (ကွက်သစ်) ဂွေ့ကြီးနှင့် အင်းဗျား ရပ်ကွက်တို့တွင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း သီးခြား ငွေထုတ် စာရင်းခေါင်းစဉ်ဖြင့် မန္တလေး လျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်း၊ ကူမဲမြို့ လျှပ်စစ်မန်နေဂျာရုံးမှ ကူမဲမြို့အတွင်း ဓါတ်အားဖြန့်ဖြူးမှု စနစ်ကောင်းမွန်စေရေး အတွက် ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီ အေ ထရန်စဖော်မာ (၃)လုံး တည်ဆောက်ခြင်း လုပ်ငန်းများအား လမ်းမတော် (ကွက်သစ်)ဂွေ့ကြီးနှင့် အင်းဗျားရပ်ကွက်တို့တွင် ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ဓါတ်အား လွှတ်ပြီဖြစ်ရာ ရပ်ကွက်ကျေးရွာ ပြည်သူများအနေဖြင့် လျှပ်စစ်ဓါတ်အား ပျောက်ဆုံးမှု လျော့နည်းပြီး လျှပ်စစ်ဓါတ်အား ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်တော့မည် ဖြစ်သည့်အပြင် လျှပ်စစ်အန္တရာယ် ကင်းရှင်းမည်ဖြစ်ကြောင်း ကူမဲမြို့လျှပ်စစ် မန်နေဂျာ၏ ပြောကြားချက်အရ သိရသည်။
မြမြမွန်(ပြန်/ဆက်)