သတင်းများ

မိုင်းပျဉ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက် ကျေးရွာများသို့ကွင်းဆင်း၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်
Sep 12,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့်အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တမူးခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများ ခေတ္တရပ်နားထားမည်
Sep 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပုံမှန်ဆောင်ရွက်နေသော ဝန်ဆောင်မှု လုပ်ငန်းများကို စက်တင်ဘာလ (၁၄) ရက်နေ့ (တနင်္လာ)နေ့မှစ၍ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး အခြေအနေတည်ငြိမ်မှသာ ပုံမှန်ဆောင်ရွက်နေသော ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆောင်ရွက်ပေးသွားမည့်ရက်အား ကြိုတင်အသိပေး အကြောင်းကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ (၃၀)ဦး ထပ်မံဝင်ရောက်
Sep 12,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ၁၀ ရက်နေ့၊ ညနေ(၆)နာရီအချိန်က (၂၉)ဦးနှင့် ယမန်နေ့မွန်းလွဲ (၃)နာရီခွဲအချိန်က (၁)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၃၀)ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပြည်သူများသို့ပန်ကြားချက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်
Sep 12,2020
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၌ပြည်သူများသို့ ပန်ကြားချက်အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၉ နာရီက ယောမင်းကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရရပ်ကွက်၊ ပြည်အရှေ့ရပ်ကွက်နှင့် ပြည်အနောက်ရပ်ကွက်တို့၌ သက်ဆိုင်ရာရပ်ကွက် တာဝန်ခံများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိရောက်စွာကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များအတွင်း ဆောင်ရွက်ထားရှိမှုများ စစ်ဆေး
Sep 12,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် (Stay at Home) ကာလ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိရောက်စွာကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များအတွင်း ဆောင်ရွက်ထားရှိမှုများစစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့မဈေးပတ်လမ်း ကွန်ကရစ်လမ်းတိုးချဲ့ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Sep 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ မြို့မဈေးပတ်လမ်း ကွန်ကရစ်လမ်းတိုးချဲ့ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ထောက်ပံ့ရန်ပုံငွေကျပ် (၈၆) သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးက ဆောင်ရွက်ခဲ့ရာ ယမန်နေ့ ညနေပိုင်းက ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
သုံးခွမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချခြင်းမရှိဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ
Sep 12,2020
သုံးခွမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမရှိဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။
ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ရေယာဉ်များ ယနေ့မှစတင်ပြီး အသွား/အပြန် (၃၀) ခေါက်နှုန်းဖြင့် အခေါက်ရေ လျော့ပြေးဆွဲမည်
Sep 12,2020
ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်းသည် အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းနှင့် အထွေထွေလုပ်သားပြည်သူများစွာတို့ကို စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ နေ့စဉ်ကူးတို့ ပို့ဆောင်ပေးလျက်ရှိသော ဆိပ်ကမ်းတစ်ခုဖြစ်ရာ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်တားဆီးနိုင်ရေးနှင့် ခရီးသည်သွားလာမှုနည်းပါးခြင်းတို့ကြောင့် ယနေ့မှစတင်ပြီး အသွား (၃၀) ခေါက်၊ အပြန် (၃၀) ခေါက်နှုန်းဖြင့် အခေါက်ရေလျော့၍ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ ယမန်နေ့ညပိုင်းက သိရှိရသည်။