သတင်းများ

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 15,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် နှစ်စဉ်ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ် တစ်ခု ဖြစ် သည့် ရေကြီးနှစ်မြှပ်ခြင်းအန္တရာယ်ဘေးမှ  ကြိုတင်ကာကွယ်နိုင်ရေးအတွက်  လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်သည်။ 
ညောင်ရွှေမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 15,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန် က ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဇီဝနည်းဖြင့် ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ်
Jun 15,2021
စစ်ကိုင်းခရိုင်၊    မြင်းမူမြို့နယ်၊    ပျော့ရွာလျှပ်စစ်မြစ်ရေတင်စိုက်ကွင်း၊     ကွင်းအမှတ်(၃၆၅) တောင်သူ (၃၆) ဦးပိုင်၊ မိုးကြိုပဲတီစိမ်း စံပြစိုက်ကွက်တွင် Good Agriculture Practice (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ) ရရှိစေရန် ဥကပ်ပါးနဂျီ (Trichogramma) များ လွှတ်၍  ဇီဝနည်းဖြင့် ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်း
ချောက်မြို့နယ် ညောင်ဇင်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Jun 15,2021
မကွေးခရိုင်၊ ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးညွန့်ဝင်းထူးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ကာ ပြုလုပ်ပေးလျက်ရှိသည်။
မိတ္ထီလာခရိုင်အတွင်း ကျေးလက်ကုန်ထုတ်လမ်း ၈ လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ၃ လမ်းပြီးစီး
Jun 15,2021
မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များတွင် ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် အတွင်းကျေးလက်ကုန်ထုတ်လမ်း ၈ လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ၃ လမ်းပြီးစီး၍ ကျန်ရှိနေသော လမ်းများအား အမြန်ဆုံးပြီးစီးရန်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်မြင့်ဝင်းထံကသိရသည်။
ပလောက်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Jun 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ၊ ပုလောမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ခြင်းကို ယနေ့၊ နံနက် ၉ နာရီအချိန်တွင် ပလောက်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ခရစ်ယာန်ဘုရားကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင် ကာကွယ်ရေးအနေဖြင့် အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုသည့် အလေ့ အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်းကာ အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက တောင်ငူမြို့မစျေးကြီးနှင့် ဘုရင့်နောင်စျေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ပလောက်မြို့၌ ပြုလုပ်
Jun 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီက ပလောက်မြို့ Community Centre တွင် ကျင်းပ ပြုလုပ်ခဲ့သည်။