တံတားဦး ဇွန် ၁၅
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ထုတ်ချေးပေးရာ ယနေ့နံနက်တွင် ဇီးချောင်း ကျေးရွာအုပ်စု ဇီးချောင်းကျေးရွာမှ တောင်သူပေါင်း(၄၇)ဦး၊ စပါးသီးနှံစိုက်ဧက(၁၄၄)ဧက၊ အခြားသီး နှံ(၁၃၁)ဧက အတွက် စုစုပေါင်းငွေကျပ်(၃၄၇)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ တောင်သူများမျိုးစေ့များ၊ စိုက်ပျိုးရေး သွင်းအားစုပစ္စည်းများ အချိန်မီ ဝယ်ယူနိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေး လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ကြွေးကျန်ကျေပြီးသည့် တောင်သူများကို ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ငါးရာခိုင်းနှုန်းဖြစ်ကြောင်း သိရသည်။ တံတားဦး မြို့နယ်အနေဖြင့် စပါးသီးနှံ စိုက်ဧက(၁၄၃၀၀)ဧက အခြားသီးနှံ စိုက်ဧက(၄၈၂၅၁)ဧက စုစုပေါင်း (၆၂၅၅၁)ဧကို (၆၉၇၀.၁၀)ကျပ်သန်းကို ကျေးရွာအုပ်စု(၅၁)အုပ်စုမှ တောင်သူများအား စပါးတစ်ဧကလျှင် ငွေကျပ်(၁၅၀၀၀၀)ကျပ်နှင့် အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ်(၁၀၀၀၀၀)ကျပ်နှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်ကြောင်း မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးပေးရန် ကျန်ရှိသော ကျေးရွာများမှ တောင်သူများကို သတ်မှတ်ကာလအတွင်း ဆက်လက်ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မန်နေဂျာ ဦးဘုန်းနိုင်ထံမှ သိရသည်။
ရဲတင့်(တံတားဦး)