နတ်တလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ပညာရေးဝန်ထမ်းများအား ပထမအကြိမ်ထိုးနှံပေး

နတ်တလင်း  ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော အခြေခံပညာရေးဦးစီးဌာန လက်အောက်ရှိ ပညာရေးဝန်ထမ်းများအား ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းအား ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးကြောင်း သိရသည်။

ဆေးထိုးနှံခြင်းတွင် နတ်တလင်းမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း များမှ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအား ဆေးထိုးနှံရာတွင် လိုအပ်သော ကျန်းမာရေး ဆေးစစ်ခြင်းများ ပြုလုပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခဲ့ ကြောင်း သိရသည်။

ထားထားဦး