မြောင်းမြ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ မြို့နယ် အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP)၊ မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြောင်းမြမြို့နယ်ရှိ နောင်ရိုး(၂) အားကစားခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်မှ အဖွင့်အမှာစကား ပြောကြား၍ ပြိုင်ပွဲများအား ဖွင့်လှစ်ပေး ခဲ့သည်။
ထို့နောက် ကြက်တောင်၊ ရေကူး၊ အလေးမ၊ ဂျူဒို အားကစားပြိုင်ပွဲမှ အားကစား သမားများက အားကစား သစ္စာအဓိဌာန်ရွတ်ဆိုပြီး ပြိုင်ပွဲများအား ယှဉ်ပြိုင် ကစားကြရာ တက်ရောက်လာကြသော မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အားပေးကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
သက်ဝေ(မြောင်းမြ)