နတ်တလင်း ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် တက္ကသိုလ်စိန်မြင့်ထွန်း၏ "ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးသင်ခန်းစာလက်စွဲ" စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က မူးယစ်ဆေးဝါး၏ အန္တရာယ်နှင့် ဆိုးကျိုးများကို ကျောင်းသားလူငယ်များသိရှိ၍ အကျင့်စာရိတ္တမြင့်မားပြီး အသိဉာဏ်ပညာဗဟုသုတရရှိစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ Book Club အဖွဲ့ဝင်များနှင့် စာပေ ဝါသနာရှင်များက အသီးသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းများ ပြုလုပ်ပေးရခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗဟုသုတ တိုးပွားရရှိပြီး စာပေတန်ဖိုးကို သိရှိနားလည်စေမှာဖြစ်ကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများသည် လူငယ်များ အတွက် အသိပညာဗဟုသုတများ ရရှိပြီး ဆောင်ရန်၊ ရှောင်ရန်များကို နားလည်သဘောပေါက်မှာ ဖြစ်ကြောင်း စာပေချစ်မြတ်နိုးသူတစ်ဦးထံမှ သိရသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းအပြင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာစောင်မျိုးစုံတို့ကို စာဖတ်သူပရိသတ်များအား အခမဲ့ငှားရမ်းဖတ်ရှုနိုင်ရန် ဝန်ဆောင်မှုပေး လျက်ရှိကြောင်း သိရသည်။
ထားထားဦး