ဒဂုံအရှေ့ ဇွန် ၁၆
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ ငွေ ပေးအပ်ခြင်းကို သက်ဆိုင်ရာ ရပ်ကွက်များ အလိုက် ထောက်ပံ့ပေးအပ်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဇန်နဝါရီ၊ဖေဖဝါရီ၊မတ် ဒုတိယသုံးလပတ်အတွက် ဘိုးဘွား တစ်ဦးလျှင် လူမှုရေး ပင်စင်ထောက်ပံငွေကျပ် ၃၀၀၀၀/-နှုန်းဖြင့် ထောက်ပံ့ရာ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် သက်ကြီး ဘိုးဘွား (၅၆၃)ဦးအား စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၆၈၉၀၀၀၀/)ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက်လိုက်လံပေး အပ်လျက်ရှိကြောင်းသိရသည်။
အေးမဉ္ဇူ ( ပြန်/ဆက်)