ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ပြင်စလူမြို့ရုံး Community Center ၌ စာဖတ်ဝိုင်းကျင်းပ

ပြင်စလူ  ဇွန်  ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍  ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က  စာရေးဆရာချစ်နိင် (စိတ်ပညာ) ၏ "အချိန်ကို အသုံးချနည်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြင်စလူမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဇော်ဝင်းထွန်း က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ၊  စာရေးဆရာချစ်နိင် (စိတ်ပညာ) ရေးသားသော ''အချိန်ကို အသုံးချနည်း''  စာအုပ်အား ပြင်စလူမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်း က  ပညာလိုအိုသည်မရှိ ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ Book Club အဖွဲ့ဝင် ဉီးဝဏ္ဏက ယဉ်ကျေးမှုနှင့် အဂါရဝ ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ဦးမင်းမင်းက စင်ပေါ်က အလွဲအချော်များ ခေါင်းစဉ်တို့ကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ပြင်စလူမြို့ (ပြန်/ဆက်)