ရှမ်းတိုင်းရင်းသားရိုးရာသုံးပစ္စည်းများပြတိုက်ငယ်သို့လာရောက်ရောက်လှူဒါန်း

မိုင်းပျဉ်း   ဇွန် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြတိုက်ငယ်သို့ ရှမ်းတိုင်းရင်းသား ရိုးရာသုံးပစ္စည်းများကို ယနေ့နံနက် ၁၀ နာရီက စေတနာရှင်ဒေသခံပြည်သူ တစ်ဦးမှ လာရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် မိုင်းပျဉ်းမြို့နေ စေတနာရှင်ဒေါ်မေဝင်းခိုင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ရှိပြတိုက်ငယ်တွင် ခင်းကျင်းပြသနိုင်ရန်အတွက် ရှမ်းတိုင်းရင်းသားတို့ အသုံးပြုသည့် နှီးဖြင့်ရက်လုပ်ထားသော လွယ်ပလိုင်းတစ်ခု နှင့်ရိုးရာငါးဖမ်းမြုံး(၂) ခုတို့ကို လာရောက်လှူဒါန်းရာ မြို့နယ်ဦးစီးမှူးဒေါ်မေမွန်ထွဋ်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

မိုင်းပျဉ်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  ခင်းကျင်းပြသထားရှိသော ပြတိုက်ငယ်တွင် ရှမ်း၊ လားဟူ၊ အာခါနှင့်ဓနုတိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှုနှင့် မှတ်တမ်းဓါတ်ပုံများ၊ တိုင်းရင်းသားတို့၏ ခေတ်အဆက်ဆက်အသုံးပြုလာသော ရိုးရာပစ္စည်းများ၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိထင်ရှား ကျော်ကြား သောဘုရား၊ စေတီပုထိုးများနှင့် ဘုရားသမိုင်းများ၊ ထင်ရှားသည့်နေရာများ၊ ထင်ရှားသည့် ပုဂ္ဂိုလ်များ၏ အထ္ထုပ္ပတ္တိနှင့်ဓါတ်ပုံများနှင့်ဒေသ ထွက်ကုန်ပစ္စည်းများကို ခင်းကျင်း ပြသထားရှိကြောင်း သိရသည်။

 

မေမွန်ထွဋ်( ပြန်ဆက်)