ကျိုက်ဒုံမြို့ဘုရင့်နောင်လမ်းကြီး၊ လမ်းဘေးရေမြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်

ကျိုက်ဒုံ    ဇွန်  ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၅.၃၄)ကျပ် သန်းဖြင့် ကျိုက်ဒုံမြို့  အမှတ်-၄ ရပ်ကွက်ရှိ ဘုရင့်နောင်လမ်းမကြီး ၏ လမ်းဘေးဝဲ၊ ယာ ရေမြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ရေမြောင်းသည် ဘုရင့်နောင်လမ်းမကြီး၏ လမ်းဘေးဝဲ၊ယာ ရေမြောင်းပေအရှည်မှာ(၁၉၂၀)ပေ၊ အကျယ်(၃)ပေ၊ (၃)လက်မထုရှိပြီး ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ (၂) ဦး ဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်ဒုံ  (ပြန်/ဆက်)