မြဝတီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင် စာဖတ်ဝိုင်းပြုလုပ်

မြဝတီ ဇွန် ၁၆

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဝန်ထမ်းများအား စာပေဗဟုသုနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့်အလေ့အထကောင်းများ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၁)နာရီက ကြေးမုံသတင်းစာပါ ဆောင်းပါးများကို စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ၂၀၂၁ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ (၆)တွင် စာရေးဆရာမိုးကေနိုင်ရေးသားသည့် “တိုးတက်ဖို့လိုအပ်ဆုံးအရာဟာ မိမိရဲ့ကိုယ်ကျင့်တရားပါ”ဆောင်းပါး၌ပါရှိသည့် ကျင့်ဝတ်နဲ့အညီ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်မှု၊ ဆန်းစစ်မှုဒဏ်ခံနိုင်ရမည့်ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်တရားနှင့် ခေါင်းဆောင်မှုအကြောင်းနှင့် ကြေးမုံသတင်းစာ စာမျက်နှာ (၂၁)တွင်ပါရှိသည့် စာရေးဆရာပီမိုးနင်း ရေးသားထားသော“မြန်မာ့ဇွဲ”ဆောင်းပါးတို့ကို မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ဝိုင်းပြုလုပ်ကာ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)