မုံရွာ ဇွန် ၁၆
၂၀၂၁ခုနှစ် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက မုံရွာမြို့ ပြည်သူ့ အားကစားကွင်း (ဖူဆယ်ရုံ)၌ ကျင်းပရာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုး နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ၂၀၂၁-ခုနှစ် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ချောင်းဦးမြို့နယ်အသင်း နှင့် ဘုတလင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဘုတလင်မြို့နယ်အသင်းက ချောင်းဦးမြို့နယ်အသင်းကို (၃)ဂိုး၊(၁)ဂိုးဖြင့် အနိုင်ရ ဗိုလ်ဆွဲခဲ့သည်။
ဆက်လက်ပြီး ၂၀၂၁-ခုနှစ် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်း အကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆု ရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များကို ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများကလည်းကောင်း၊ ဒုတိယဆုရရှိသော ချောင်းဦးမြို့နယ်အသင်းအား ဆုကြေးငွေ (၂)သိန်းကျပ်နှင့် တစ်ဦးချင်းဆုတံဆိပ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး သောင်းညွန့်က လည်းကောင်း၊ ပထမ ဆုရရှိသော ဘုတလင်မြို့နယ်အသင်းအား ဆုကြေးငွေ (၃)သိန်းကျပ်နှင့်တံခွန်စိုက်ဆုဖလားတို့အပြင် တစ်ဦးချင်းအလိုက်ဆုတံဆိပ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)