စစ်တွေမြို့၌ Talk Show ပြုလုပ်

စစ်တွေ  ဇွန် ၁၆

“မြို့စစ်တွေ စိမ်းလန်းစိုပြေဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကြပါစို့” ခေါင်းစဉ်ဖြင့် အသိပညာ ပေးဆွေးနွေး ပွဲ Talk Show ကို ယမန်နေ့ညနေပိုင်းက စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံး တာဝန်ခံ ဒေါ်အေးအေးအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအားအသိပညာ ပေးလုပ်ငန်းများဆောင်ရွက်နေမှု၊ မြို့နယ် ရုံးများတွင် စာကြည့်တိုက်များဖွင့်လှစ်ပြီး စာအုပ်၊ စာပေများ အားအခမဲ့ငှားရမ်းပေးနေမှု၊ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေမည့် အစီအစဉ်များကို Online မှတစ်ဆင့်ထုတ်လွှင့်ပေးနေမှုတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စစ်တွေမြို့၊ စိမ်းပြာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ၊ ဦးမိုးကျော်က စစ်တွေမြို့ အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး စစ်တွေခရိုင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ခရိုင်တာဝန်ခံ၊ ဦးစီးအရာရှိ ဦးသန်းထက်အောင်က သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပြည်သူများလိုက်နာ ဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားသည်။ လူသားများနှင့် သတ္တဝါများနေထိုင်ရာ ကမ္ဘာကြီးတွင် သစ်ပင်များသည် ကမ္ဘာကြီး၏   အဆုတ်များ ဖြစ်ကြသဖြင့် ကမ္ဘာကြီးရေရှည်တည်တံ့နိုင်ရန် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။

တင်ထွန်း