ထန်းတပင်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ထန်းတပင် (ပဲခူး) ဇွန်  ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မူမရှိစေရေး ကြိုတင် ကာကွယ်ရေးအနေဖြင့် အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုသည့် အလေ့အထများ ရရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့် ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက မြို့မ‌ဈေးနှင့် လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့မဈေးကြီး၌ ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်ခန်းများတွင် ရောင်းချ နေကြသူ များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချကြရန်၊ ဈေးအဝင်အထွက် နေရာများ၌ လက်ဆေးရန်နေရာများ စနစ်တကျ အသုံးပြုစေရေး၊ ဈေးအတွင်း ဝင်ရောက်ဝယ်ယူရာ၌ ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်အသုံးပြု၍ သွားလာကြရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့က အသိပေးနှိုးဆော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့က အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်မှုရှိစေရေး၊ အသိပညာပေးနှိုးဆော် မှုများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း (၂၅၀) ခုအားအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။

မြို့နယ် (ပြန်/ဆက်)