ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

                                                                    ဟားခါး ဇွန် ၁၆

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၈/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက် နှင့်အညီ ဘဏ္ဍာရေး နှစ်ကို ဧပြီလ(၁)ရက်နေ့မှ မတ်လ (၃)ရက်နေ့အထိပြောင်းလဲ ပြင်ဆင်သတ်မှတ် မည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိ (၆)လအတွက် ရသုံးမှန်း ခြေငွေစာရင်းကို သီးခြားရေး ဆွဲဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ (၆)လအတွက် ငွေလုံးငွေရင်းအသုံးစရိတ်ခန့် မှန်းခြေစာရင်းများရေးဆွဲရာတွင် (၆)လအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုသာ ပြည်နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် ညှိနှိုင်းရေးဆွဲရန်ဖြစ် ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သောဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၁ခုနှစ်၊ အောက်တိုဘာ လမှ ၂၀၂၂ ခုနှစ်၊ မတ်လ အထိ (၆)လအတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းများရေးဆွဲခြင်းဖြစ်သဖြင့် ဖြည့်စွက်ခွင့် တောင်းခံရန် ခွင့်မပြုသည့်အတွက် စနစ်တကျပြုစု၍ အချိန်မီပေးပို့ရန်လိုကြောင်းနှင့် မိမိတို့ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများပြားလာသည့်အတွက် ကိုဗစ်-၁၉ရောဂါထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာအားလုံး ပူးပေါင်း ဆောင်ရွက်ပေးကြရန် မိမိနေထိုင်သည့်ပတ်ဝန်းကျင်တွင် ဖျားနာလူနာများတွေ့ရှိပါက သက်ဆိုင်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပေးပို့ကြရန် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂)ဦးဟန်ကျင့်ဇမ်းက ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ မတ်လအထိ (၆)လအတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းများရေးဆွဲရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ရေးဆွဲ၍ အချိန်မီစိစစ်ပေးပို့ရန် အကြံပြုဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်စာရင်းစစ်ရုံးနှင့် လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူ များက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဆွေးနွေးချက်များအပေါ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။