မုဒုံ ဇွန် ၁၆
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အတွက် ရွှေဟင်္သာစျေး၌ ယနေ့ နံနက်၉နာရီက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်၊ မုဒုံမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး စောစိုးစိုးမြင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးဝင်းညွန့်နှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများတို့က ပူးပေါင်း၍စျေးအတွင်းရှိရေတွင်း၊ရေကန်၊ ရေပိုက်ခေါင်းများ ပျက်စီးမှုရှိ/ မရှိအပေါ့စားမီးသတ်စက်စသည့် မီးသတ်ပစ္စည်းကိရိယာများ၊ မီးသတ်ဆေးဗူး ထားရှိမှုများ၊ လျှပ်စစ်မီးဝါယာကြိုးများသွယ်တန်းထားရှိမှု၊ မီးခလုပ်တပ်ဆင်အသုံးပြုမှုစနစ်များ၊ စျေးလုံခြုံရေး အတွက် CCTV တပ်ဆင်ထားရှိမှု အခြေအနေများ တို့ကိုလိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပြီး မြို့နယ် အတွင်းရှိ မြို့မစျေးနှင့်ကမာဝက်မြို့မစျေး တို့တွင်လည်း ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ