ဘားအံ - ဖာပွန်ခရိုင်ချင်းဆက်တံတား ညဘက်မီးလင်းနိုင်ရေးအတွက် ကိုယ်ထူကိုယ်ထ ဆိုလာမီးစုပေါင်းတပ်ဆင်

ကမမောင်း   ဇွန်  ၁၆

ကရင်ပြည်နယ် ဘားအံခရိုင်နှင့် ဖာပွန်ခရိုင်ချင်းဆက်သွယ်ပေးထားသည့် မီးဇိုင်း ချောင်းကူးတံတားပေါ်၌ ညဘက်အချိန်တွင်မီးအလင်းရောင်ရရှိစေရန် ရည်ရွယ်၍ ညပိုင်းအလိုလျှောက်လင်းသည့် ဆိုလာစနစ်သုံးမီးလုံးများကို ကမမောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများစုပေါင်း လူဒါန်းတပ်ဆင်ခဲ့ကြသည်။

 အဆိုပါ မီးဇိုင်းတံတားလက်ရန်းတစ်ဘက်လျှင် ဆိုလာမီးလုံး (၅) လုံးစီဖြင့်စုစုပေါင်း (၁၀)လုံးကိုတပ်ဆင်ပေးခဲ့သည်။ဆိုလာပါမီးသီးတစ်စုံ၏တန်ဖိုးမှာ ငွေ (၁) သိန်းကျပ် ဖြစ်ကြောင်း၊ဆိုလာပါမီးလုံး (၁၀) လုံးအတွက် စုစုပေါင်းငွေကျပ် (၁၀)သိန်းကို ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများကပူးပေါင်း၍ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လင်းသန့် ( ပြန်/ဆက်)